နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၅ နာရီတွင်ရက္ခိုင်ပြည် ၊တောင်ကုတ်မြို့နယ် ၊ ဂျီဖြူတောင်ရွာ အနောက်မြောက်ဖက် ၃ မိုင်အကွာ ဂန်းဒဂေါက်ကာရီ( တာ) အနီးတွင်အမည်မသိ လူသေ အလောင်းတွေ့ရှိကြောင်းသိရသည်။ထိုနေရာသို့သွားရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ သေဆုံးသူ၏ အလောင်းမှာ အချိန်ကြာမြင့်နေပြီဖြစ်သဖြင့် ကျား/ မ ခွဲ မရကြောင်း သက်ဆိုင်ရာက ပြောကြောင်း သိရသည်။သို့ဖြစ်၍ အလောင်းအား သေချာစနစ်တကျ စစ်ဆေးမှုများပြုလုပ်ပြီး ထိုနေရာတွင် မြေမြုပ် သင်္ဂြိုလ်လ်လိုက်ကြောင်းသိရသည်။



