တောင်ငူခရိုင် ၊ အုတ်တွင်းမြို့ ၊ မြောက်ဘက် ရန်ကုန် - မန္တလေးလမ်းဟောင်း ပေါ်ရှိ " စိန်သဇင် " စက်သုံးဆီဆိုင် အနီး တွင် ဒီကနေ့ နိုဝင်ဘာ ၁၅ ရက် ညနေ ပိုင်း စပါးလှမ်းပြီး ပြန်ထွက်လာသည့် ဂွန်ဒေါင်းပေါ် မှ ပြုတ်ကျခဲ့တာလည်းဖြစ်ပါတယ်။.အဆိုပါ စပါးလှမ်းပြီး ပြန်ထွက်လာသည့် စပါးအိတ်များတင်ထားသော ဂွန်ဒေါင်းသည် တောင်ငူ ဘက်မှ လာသော ၁၂ ဘီးကားတို့ ရုတ်တရက်အတွေ့ ဂွန်ဒေါင်းမှ လက်ယာဘက်သို့ ကွေ့ချလိုက်တာလည်းဖြစ်ပါတယ်။ယင်းကဲ့ ဆွဲကွေ့လိုက်သောကြောင့် စပါးအိတ်များပေါ်တွင် ထိုင်၍ လိုက်ပါလာသော စပါးလှမ်းလုပ်သား ( ၄) ဦးသည် စပါးအိတ်များနှင့်အတူ ပြုတ်ကျလာပြီး ကိုဥာဏ်လင်းအောင်သည့် ကံဆိုးစွာဘဲ လမ်းအလယ်ဘက်လောက်အကျ နောက်မှ ၁၂ ဘီးကားသည် ဦးခေါင်းသို့ ဖြတ်ကြိတ်မိလိုက်သောကြောင့် နေရာမှာပင် ဦးခေါင်းပြား၍ ဆေးဆုံးသွားခဲ့ကြောင်း သိရပါတယ်။



