မြစ်ကြီးနား-မန္တလေး ခရီးစဉ် ကားငယ်/ကားလတ်များအတွက် (၁) ညအိပ် (၂) ရက်ကြာမြင့်ဆဲ

Nov 15 • 3:32 PM

breaking-news

မြန်မာ

ကချင်

cover

မြစ်ကြီးနား-မန္တလေး ခရီးစဉ် ကားငယ်/ကားလတ်များအတွက် (၁) ညအိပ် (၂) ရက်ကြာမြင့်ဆဲ

မန္တလေး-မြစ်ကြီးနား ကားလမ်းမကြီးတစ်လျှောက် ခရီးသွားလာမှုတွင် လမ်းပိတ်ဆို့မှုများကြောင့် ယာဉ်များသည် လမ်းလွှဲများမှတစ်ဆင့် ခရီးဆက်နေရဆဲဖြစ်သော်လည်း ခရီးစဉ်ကို ပု...

မန္တလေး-မြစ်ကြီးနား ကားလမ်းမကြီးတစ်လျှောက် ခရီးသွားလာမှုတွင် လမ်းပိတ်ဆို့မှုများကြောင့် ယာဉ်များသည် လမ်းလွှဲများမှတစ်ဆင့် ခရီးဆက်နေရဆဲဖြစ်သော်လည်း ခရီးစဉ်ကို ပုံမှန်အတိုင်း သွားလာနိုင်ဆဲဖြစ်ကြောင်း ဒေသခံယာဉ်မောင်းများ၏ ပြောကြားချက်အရ သိရသည်။ယခုရက်ပိုင်းအတွင်း စောစောထွက်ခွာသည့် ကားငယ်နှင့် ကားလတ်များသည် မြစ်ကြီးနား ⇄ မန္တလေး ခရီးစဉ်ကို တစ်ညအိပ် နှစ်ရက် ခရီးဖြင့် ပြီးဆုံးနိုင်နေသည်။ ကုန်တင်ယာဉ်ကြီးများ၊ အရေးပေါ်ယာဉ်များနှင့် ခရီးသည်တင် Express ကားများပါ ဆက်လက်သွားလာနေကြသည်။အဓိက လမ်းလွှဲအခြေအနေ

ရွှေဘိုအောက်ပိုင်းလမ်းမများအစား အဓိက အားထားနေရသည့် လမ်းလွှဲဖြစ်သော-ရွှေဘို ⇄ ဆိပ်ခွန် ⇄ မူးကမ်းကြီး ⇄ နောင်ကြီးအိုင် ⇄ အရာတော် ⇄ ငါကင်း ⇄ မလဲသာရွာ ⇄ ပဲကူရွာ ⇄ မြင်းမူ လမ်းပိုင်းသည်လည်း ဆက်လက် သွားလာလို့ ရနေဆဲ ဖြစ်သည်။



news-view-count-icon

17