back

မြန်မာလုပ်သားများ၏ ဘဏ်အကောင့်များအား လောင်းကစားလုပ်သူများထံရောင်းသော ထိုင်းအေဂျင်စီကို ဝင်ဖမ်း

Nov 15 • 3:09 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မြန်မာလုပ်သားများ၏ ဘဏ်အကောင့်များအား လောင်းကစားလုပ်သူများထံရောင်းသော ထိုင်းအေဂျင်စီကို ဝင်ဖမ်း

မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဏ်အကောင့်များကို အလွဲသုံးစားပြုလုပ်ပြီး အွန်လိုင်းလောင်းကစား ပြုလုပ်သူများထံ ရောင်းချနေသော အေဂျင်စီတစ်ခုကို ဝင်ရောက်ဖမ...

မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဏ်အကောင့်များကို အလွဲသုံးစားပြုလုပ်ပြီး အွန်လိုင်းလောင်းကစား ပြုလုပ်သူများထံ ရောင်းချနေသော အေဂျင်စီတစ်ခုကို ဝင်ရောက်ဖမ်းဆီးလိုက်ကြောင်း ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ CIB က နိုဝင်ဘာလ ၁၅ ရက် ယနေ့ ထုတ်ပြန်သည်။ အဆိုပါအေဂျင်စီသည် ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်လုပ်ခွင့်လက်မှတ် ဗီဇာတိုးပေး သူများအဖြစ် ဟန်ဆောင်ပြီး ဘဏ်အကောင့်များကို အလွဲသုံးစားလုပ်ကြောင်း ဖော်ပြသည်။ နိုဝင်ဘာလ ၁၁ ရက်က နခွန်ပထုံခရိုင် ဘန်လမ်ဒေသရှိ နေအိမ်တစ်လုံးကို ရဲတပ်ဖွဲ့များ ဝင်ရောက်ဖမ်းဆီးချိန် သံသယရှိသူ အဖွဲ့ဝင် ထိုင်းနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးရမိကြောင်း ဖော်ပြသည်။ အဆိုပါအဖွဲ့၏ ဘဏ်အကောင့်များတွင် ဘတ် သန်း ၅၀ ကျော် ငွေဝင်ငွေထွက်ရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။


news-view-count-icon

11