ပဲခူးမြစ်ကူး - သာကေတသို့ ဖြတ်သန်းတည်ဆောက်ထားသည့် သန်လျင်တံတား အမှတ်(၁)ပေါ်တွင် နိုဝင်ဘာ ၁၅ ရက်၊ ညနေ ၃ နာရီက ဝိုင်ဘီအက်စ် ၃၁ ယာဥ်ပျက်ပြီး ယာဥ်ကြောပိတ်ဆို့မှုဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။ သန်လျင်တံတား အမှတ်(၁)ပေါ်တွင် ယခင်က မော်တော်ယာဥ် မကြာခဏ ပျက်လျက်ရှိပြီး အဆိုပါ တံတားပေါ်တွင် ဝိုင်ဘီအက်စ်ယာဥ်ပျက်ပါက ကရိန်းယာဥ်ဖြင့် ကူဆွဲပေးရပြီး ကရိန်းယာဥ်ဆွဲခနှင့် တံတားပေါ် ကားပျက်လျှင် ဒဏ်ရိုက်အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဝိုင်ဘီအက်စ် ၃၁ ယာဥ်လိုင်းပျက်ခြင်းကြောင့် တံတားပေါ်တွင် နှစ်နာရီခန့်ကြာ ယာဥ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။



