နိုင်ဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါဖြစ်စဥ်ဟာ မိုင်းလားမြို့မှာ ဖြစ်ပွား ခဲ့တာဖြစ်ပြီး ပြုလုပ်ခဲ့သူဟာ တရုတ်အမျိုးသားတစ်ဦးဖြစ်ပြီး ဆိုင်အတွင်း CCTV မှတ်တမ်းဟာ Online မှာပြန့်နှံခဲ့ပါတယ်။ကမ္ဘာလုံးဟိုတယ် အနီးနားက ကျုံးကော်ချိန် B အောက်က ဆိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဂိမ်းရှုံးလို့ သူ့ကိုယ်သူ ဓားနဲ့ထိုးသွားတာလိုသိရပြီး မိုင်းလားအဖွဲ့ ကာစီနိုလောင်းကစားဝိုင်း တွေအပြင် အပျော်အပါးခန်းတွေပါပေါများနေတာကိုသိပေမယ့် Online လောင်းကစားမှုတွေရှိမရှိ ကိုတော့ မသိရဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဂိမ်းရှုံးကာ ဆေးကြောင်ပြီး အခုလို ကျူးလွန်နိုင်သလို အကြွေးများတာ ချစ်သူကောင်မလေးနဲ့ အဆင်မပြေတာ စသဖြင့် အမျိုးမျိုး ပြောဆိုနေကြပေမယ့် လက်ရှိချိန်ထိ သီးခြားအတည်မပြုနိုင် သေးပါဘူး။



