သရုပ်ဆောင်ဝတ်မှုန်ရွှေရည်ရဲ့ ညီမဖြစ်သူ နဒီရွှေရည်ကတော့ နောက်ထပ်သမီးလေးတစ်ဦးကိုပါ ထပ်မံမွေးဖွားလိုက်တာပဲဖြစ်ပါတယ်။ သားလေးမွေးဖွားထားတာကြောင့် ချစ်မဝဖြစ်ခဲ့ရတဲ့ ကစ်ကတော့ တူမလေးနောက်တစ်ယောက် ရရှိသွားခဲ့တာပါ။ ဝတ်မှုန်ရွှေရည်ဟာ တူ၊ တူမလေးတွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေပေမယ့် သူမကိုယ်တိုင်တော့ ရင်သွေးလေး မွေးဖွားခြင်းမရှိသေးတာကို တွေ့ရပါတယ်။



