လွန်ခဲ့သော နှစ်ပေါင်း၅၀ ခန့်က သံတမန်ဆက်ဆံရေးထူထောင်ပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ထိုင်းဘုရင်မင်းမြတ်နှင့် တွေ့ဆုံဆွေးနွေးစဉ် ထိုင်းနှင့် ဆက်ဆံရေးကို ပိုမိုနီးကပ်စေရန် ဆောင်ရွက်မည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ကတိပြုပြောကြားခဲ့သည်။ နန်းတက်ပြီး ၉ နှစ်အကြာတွင် ရှားရှားပါးပါး ပြည်ပခရီးစဉ်အအဖြစ် ထိုင်းဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်း ဖရာ ဝဇီရကလောင်ချောင်ယူဟွာသည် တနင်္လာနေ့ထိတိုင် ၎င်း၏ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် မိဖုရား စုသီတာ ဘာဂျရာသုဒါဘီမာလက်ရှနာနှင့်အတူ ပေကျင်းတွင်ရှိနေမည် ဖြစ်သည်။



