back

ONE 173 ပြိုင်ပွဲမှာ ထည့်သွင်းထားတဲ့ ချန်ပီယံလုပွဲတွေထဲက တစ်ပွဲဖြစ်တဲ့ရော့ထန်း vs. နွန်အို ပွဲ ပျက်သွား

Nov 15 • 7:27 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ONE 173 ပြိုင်ပွဲမှာ ထည့်သွင်းထားတဲ့ ချန်ပီယံလုပွဲတွေထဲက တစ်ပွဲဖြစ်တဲ့ရော့ထန်း vs. နွန်အို ပွဲ ပျက်သွား

ONE 173 ပြိုင်ပွဲမှာ ထည့်သွင်းထားတဲ့ ချန်ပီယံလုပွဲတွေထဲက တစ်ပွဲဖြစ်တဲ့ ရော့ထန်း vs. နွန်အို ပွဲ ပျက်သွားပါပြီ။ ရော့ထန်း ဟာ ဒီမနက်မှာ ပြုလုပ်ခဲ့တဲ့ ဆေးစစ် ၊ ဝိတ်...

ONE 173 ပြိုင်ပွဲမှာ ထည့်သွင်းထားတဲ့ ချန်ပီယံလုပွဲတွေထဲက တစ်ပွဲဖြစ်တဲ့ ရော့ထန်း vs. နွန်အို ပွဲ ပျက်သွားပါပြီ။ ရော့ထန်း ဟာ ဒီမနက်မှာ ပြုလုပ်ခဲ့တဲ့ ဆေးစစ် ၊ ဝိတ်ချိန်တဲ့ အစီစဉ်မှာ သတ်မှတ်ထားတဲ့ အတိုင်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ပြိုင်ဘက်နွန်အို ကတော့ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါ့ကြောင့် သူတို့ပွဲကို Non-Title Fight ပုံစံမျိုးနဲ့ Catchweight တန်း ညှိထိုးခိုင်းမယ်လို့ ထင်ခဲ့ပေမယ့် ၊ ရော့ထန်း ဟာ ဝိတ်ချိန်အပြီးမှာပဲ နေမကောင်းဖြစ်တာကြောင့် ဆေးရုံကို သွားရတယ်လို့ ဆိုပါတယ်။အဲဒါကြောင့် နှုတ်ထွက်ပြီး ပွဲကို ဖျက်သိမ်းလိုက်တာလည်းဖြစ်ပါတယ်။ပရိုမိုးရှင်းကတော့ ဒီနှစ်ယောက်ပွဲကို ပြန်တည်မယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲကြီးတွေမှာ ထိုင်းဖိုက်တာတွေ အချင်းချင်း ချန်ပီယံခါးပတ် လုပွဲတွေ ထိုးရမယ်ဆိုရင် ဒီလိုမျိုး အဖုထစ်တွေ ၊ ဝိတ်ကျော်တာတွေက မကြာခဏဆိုသလို ဆက်တိုက်တွေ့ရတာ အစဉ်လာတောင် ဖြစ်လာပါပြီ။


news-view-count-icon

35