ဆောင်းတွင်းကာလသို့ ရောက်ရှိလာခြင်းကြောင့် ပြည်တွင်းအဝတ်အထည်ဈေးကွက်၌ အနွေးထည်များ အရောင်းအဝယ် အနည်းငယ်ဖြစ်ပေါ်လာသော်လည်း ဈေးနှုန်းမြင့်တက်မှုနှင့် အအေးဒဏ်ကို သိသိသာသာ မခံစားရသေးခြင်းတို့ကြောင့် ယခင်နှစ်များကဲ့သို့ ထင်သလောက် အရောင်းအဝယ်မဖြစ်သေးကြောင်း ရန်ကုန်မြို့မှ ဆိုင်ပိုင်ရှင်များက ပြောသည်။ အထည်ဈေးနှုန်းများ နှစ်ဆနီးပါးအထိ တက်လာခြင်းကြောင့် ဖက်ရှင်အနွေးထည်အသစ်များကို ဝယ်ယူသူ နည်းပါးလာပြီး၊ ကုန်ဈေးနှုန်းမြင့်တက်ချိန်တွင် ချွေတာသည့်အနေဖြင့် ဈေးသက်သာသော ကွန်တိန်နာကျ ဘေထုပ်အထည်များကို ဝယ်ယူသူ ပိုမိုများပြားလာကြောင်း သိရသည်။ လက်ရှိတွင် အွန်လိုင်းမှတစ်ဆင့် အနွေးထည်ရောင်းချသူများ ပိုမိုများပြားလာပြီး ဈေးနှုန်းများမှာ တစ်သောင်းခွဲဝန်းကျင်မှ တစ်သိန်းအထက် ဆောင်းတွင်းကာလသို့ ရောက်ရှိလာခြင်းကြောင့် ပြည်တွင်းအဝတ်အထည်ဈေးကွက်၌ အနွေးထည်များ အရောင်းအဝယ် အနည်းငယ်ဖြစ်ပေါ်လာသော်လည်း ဈေးနှုန်းမြင့်တက်မှုနှင့် အအေးဒဏ်ကို သိသိသာသာ မခံစားရသေးခြင်းတို့ကြောင့် ယခင်နှစ်များကဲ့သို့ ထင်သလောက် အရောင်းအဝယ်မဖြစ်သေးကြောင်း ရန်ကုန်မြို့မှ ဆိုင်ပိုင်ရှင်များက ပြောသည်။ အထည်ဈေးနှုန်းများ နှစ်ဆနီးပါးအထိ တက်လာခြင်းကြောင့် ဖက်ရှင်အနွေးထည်အသစ်များကို ဝယ်ယူသူ နည်းပါးလာပြီး၊ ကုန်ဈေးနှုန်းမြင့်တက်ချိန်တွင် ချွေတာသည့်အနေဖြင့် ဈေးသက်သာသော ကွန်တိန်နာကျ ဘေထုပ်အထည်များကို ဝယ်ယူသူ ပိုမိုများပြားလာကြောင်း သိရသည်။ လက်ရှိတွင် အွန်လိုင်းမှတစ်ဆင့် အနွေးထည်ရောင်းချသူများ ပိုမိုများပြားလာပြီး ဈေးနှုန်းများမှာ တစ်သောင်းခွဲဝန်းကျင်မှ တစ်သိန်းအထက် အထိရှိနေသည်။
ဆောင်းရာသီသို့ ရောက်ရှိလာသဖြင့် မြန်မာပြည်တွင်း အနွေးထည်ဈေးကွက် အနည်းငယ် လှုပ်ရှားလာ၊ ဈေးနှုန်းမြင့်တက်မှုကြောင့် ဘေထုပ်ဝယ်လိုအား များလာ
Nov 15 • 5:51 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


