back

မိုးဇလမှထုတ်ပြန်သည့် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

Nov 15 • 5:01 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မိုးဇလမှထုတ်ပြန်သည့် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့၊ အချိန်ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အ‌ခြေအနေဟာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ဘင်္ဂလားပင်လယ်အော...

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့၊ အချိန်ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အ‌ခြေအနေဟာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်ထူထပ်နေကာ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။အမြင့်တာအားဖြင့် ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်နဲ့ရေပြင်လေဟာ အရှေ့(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်ထိဖြစ်ကာလှိုင်းအ‌ခြေအနေမှာ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီးလှိုင်းအမြင့်မှာ ၅ ပေမှ ၇ ပေခန့်ထိဖြစ်ပါတယ်။ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ-

အများအားဖြင့် သာယာမည်။အမြင့်တာအားဖြင့် ၅ မိုင်နဲ့ရေပြင်လေဟာ မြောက် (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်ထိဖြစ်ပါတယ်။လှိုင်းအ‌ခြေအနေမှာ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာ

လှိုင်းအမြင့်မှာ ၅ ပေမှ ၇ ပေခန့်ထိဖြစ်ပါတယ်။

news-view-count-icon

32