မန္တလေးရှိအမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)ရဲ့ (၁၈)ကြိမ်မြောက် ပန်းပွဲတော်ကိုဒီဇင်ဘာလ (၆) ရက်နေ့ မှစတင်ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။IMMERSIVE FLOWERS FESTIVAL “အမည်ဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၆) ရက်နေ့ မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ အထိစည်ကား သိုက်မြိုက်စွာကျင်းပ သွားမှာဖြစ်ပါတယ်။နှစ်စဉ်ကျင်းပနေကြပန်းပွဲတော်ကို အခုနှစ်မှာလည်း အရင်နှစ်များနဲ့မတူညီတဲ့ ပန်းပြကွက်ပုံစံအမျိုးမျိုး ကိုဖော်ထုတ်ပြသရန် ကြိုးစားပြင်ဆင် ထားတယ်လို့ဆိုပါတယ်။ပွဲတော်ကာလ အတွင်း နိုင်ငံကျော်တေးသံရှင်များရဲ့သီဆိုဖျော်ဖြေမှုနှင့် အတူနေ့စဉ်ဖျော်ဖြေတင်ဆက်မှုများ၊ ဒေသထွက်ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ အပြင် အခြားထူးခြားသော အစီအစဉ်များကိုလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။
Nov 15 • 3:19 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 61 | 0 | 0 | 0 |


