နိုဝင်ဘာ ၁၅ ရက်နေ့ ရန်ကုန်မြို့ရှိ ရပ်ကွက်ဈေးများတွင် ငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း တည်ငြိမ်နေပြီး၊ ငါးမြစ်ချင်းကို တစ်ကောင်လျှင် ၅,၀၀၀ မှ ၁၀,၀၀၀ ကျပ် ဈေးဖြင့် အကောင်လိုက် ဝယ်ယူသူများပြားနေသည်။ အသားဈေးများအဖြစ် ငါးကြင်းခုတ်သား တစ်ဆယ်သားလျှင် ၃,၀၀၀-၃,၅၀၀ ကျပ်၊ ငါးဖယ်ခြစ် ၅,၀၀၀-၅,၅၀၀ ကျပ် ရှိနေကာ ပုစွန်များထဲတွင် ဘော့ချိတ်ပုစွန်ကို တစ်ဆယ်သား ၃,၅၀၀ ကျပ်ဖြင့် ဝယ်လိုအားကောင်းနေပြီး ကျားပုစွန်နှင့် ရေချိုပုစွန်တုပ်တို့မှာမူ ၅,၀၀၀-၆,၀၀၀ ကျပ်ဖြင့် အမြင့်ဈေးများအတိုင်း ဆက်လက်ရှိနေကြောင်း သိရသည်။
ရန်ကုန်ရပ်ကွက်ဈေးများတွင် ငါးဈေးနှုန်းများ ပုံမှန်အတိုင်းရှိနေ၊ ငါးမြစ်ချင်းနှင့် ပုစွန်ဝယ်ယူမှု များပြား
Nov 15 • 2:38 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 16 | 0 | 0 | 0 |


