ထိုင်းနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများနှင့် နေထိုင်ခွင့်ကုန်ဆုံးနေသူများအတွက် ဘတ်ခေါ် နေထိုင်လုပ်ကိုင်ခွင့် (Work Permit) ပန်းရောင်ကတ် ထုတ်ပေးသည့် လုပ်ငန်းစဉ်ကို မကြာမီ ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းစဉ်ကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် စတင်ဆောင်ရွက်မည်ဟု ထုတ်ပြန်ခဲ့သော်လည်း နယ်စပ်အခြေအနေ မတည်ငြိမ်မှုကြောင့် အောက်တိုဘာ ၁၆ ရက်တွင် ယာယီရပ်ဆိုင်းခဲ့သည်။လက်ရှိတွင် အလုပ်သမားလိုအပ်ချက်အရ အလုပ်သမားဝန်ကြီးဌာနက တရားဝင်အခြေအနေမရှိသေးသော မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံသားများအတွက် ကိုယ်ရေးအချက်အလက် မှတ်တမ်းတင်ခြင်း (Biometrics) ဘတ်စာရင်းသွင်းခြင်းကို မကြာမီ ပြုလုပ်ပေးမည်ဖြစ်ကြောင်း အတည်ပြုပြောကြားထားသည်။
ထိုင်းနိုင်ငံတွင် ယာယီရပ်ဆိုင်းထားသည့် ဘတ်ခေါ် နေထိုင်လုပ်ကိုင်ခွင့် (Work Permit) ပန်းရောင်ကတ် လုပ်ငန်းစဉ်ကို မကြာမီ ပြန်ဖွင့်မည်
Nov 15 • 2:30 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


