back

ခရိုအေးရှားအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်၊ ပြိုင်ပွဲဝင် ၃၀ သင်း ပြည့်မြောက်ပြီ

Nov 15 • 2:13 AM

breaking-news

မြန်မာ

ပြည်ပ

cover

ခရိုအေးရှားအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်၊ ပြိုင်ပွဲဝင် ၃၀ သင်း ပြည့်မြောက်ပြီ

ခရိုအေးရှားအသင်းသည် ၎င်းတို့၏ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ခြေစစ်ပွဲကို အောင်မြင်ခဲ့ပြီးနောက် ပြိုင်ပွဲဝင်ခွင့်ရရှိသော စုစုပေါင်းအသင်း အရေအတွက် ၃၀ သင်း ပြည့်မြော...

ခရိုအေးရှားအသင်းသည် ၎င်းတို့၏ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ခြေစစ်ပွဲကို အောင်မြင်ခဲ့ပြီးနောက် ပြိုင်ပွဲဝင်ခွင့်ရရှိသော စုစုပေါင်းအသင်း အရေအတွက် ၃၀ သင်း ပြည့်မြောက်ခဲ့သည်။ ခရိုအေးရှားသည် အုပ်စု L တွင် ၇ ပွဲကစား ၁၉ မှတ်ရရှိကာ လက်ကျန်တစ်ပွဲအလို၌ ချက်အသင်းကို ခြောက်မှတ်အသာဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် အသင်းပေါင်း ၄၈ သင်းဖြင့် ကျင်းပမည်ဖြစ်ရာ လက်ကျန် ၁၈ နေရာ ကျန်ရှိနေသေးသည်။ 

news-view-count-icon

26