အီတလီနည်းပြကြီး ဂတ်တူဆိုသည် တောင်အမေရိကဇုန် (CONMEBOL) မှ အသင်းများ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိမှုသည် ဥရောပဇုန်နှင့် နှိုင်းယှဉ်ပါက လွယ်ကူလွန်းကြောင်း မေးခွန်းထုတ် ပြောဆိုလိုက်သည်။ ဂတ်တူဆိုက လက်ရှိတွင် အီတလီအသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ ၁၈ မှတ်ရရှိထားသော်လည်း ဝင်ခွင့်ရရန်အတွက် နောက်ဆုံးပွဲစဉ်တွင် နော်ဝေကို ၉ ဂိုးပြတ် အနိုင်ရရှိရန် လိုအပ်နေပြီး၊ မဟုတ်ပါက Play-off ကစားရမည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။၎င်းက တောင်အမေရိကဇုန်၌ အသင်း ၁၀ သင်းသာရှိပြီး၊ ၆ သင်းက တိုက်ရိုက်ဝင်ခွင့်ရကာ အဆင့် ၇ အသင်းကပါ Play-off ကစားခွင့်ရရှိနေခြင်းကို ရည်ညွှန်း၍ "တောင်အမေရိကဇုန်က ကမ္ဘာ့ဖလားဝင်ခွင့်ကို ပိုပြီးလွယ်နေသလို ခံစားမိပါတယ်... တခါတလေတော့လည်း ဒါတွေက စိတ်ပျက်ဖို့ကောင်းပါတယ်" ဟု ဝေဖန်ပြောကြားခဲ့သည်။
Nov 15 • 1:51 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


