back

ထိုင်းနိုင်ငံ ဖန်ငခရိုင်ရှိ FED ရွှေ့ပြောင်းကလေးများ ပညာသင်ကြားရေးစင်တာကို သက်ဆိုင်ရာဌာနများမှ ၂၀ နှစ်အတွင်း ပထမဆုံးအကြိမ် လာရောက်စစ်ဆေး

Nov 15 • 1:42 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ ဖန်ငခရိုင်ရှိ FED ရွှေ့ပြောင်းကလေးများ ပညာသင်ကြားရေးစင်တာကို သက်ဆိုင်ရာဌာနများမှ ၂၀ နှစ်အတွင်း ပထမဆုံးအကြိမ် လာရောက်စစ်ဆေး

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ ဖွင့်လှစ်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားကလေးငယ်များ ပညာသင်...

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ ဖွင့်လှစ်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားကလေးငယ်များ ပညာသင်ကြားရေးစင်တာကို နိုဝင်ဘာ ၁၃ ရက်နေ့က ခရိုင်ပညာရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားရေးဌာနများမှ တာဝန်ရှိသူများ ပူးပေါင်း၍ လာရောက်စစ်ဆေးခဲ့ရာ ယင်းသို့ လာရောက်စစ်ဆေးခြင်းသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။ စစ်ဆေးရေးအဖွဲ့က FED အား သင်ကြားရေးစင်တာကို တရားဝင်မှတ်ပုံတင်ရန်၊ သင်ရိုးညွှန်းတမ်းအသစ်များ ပြုပြင်ရန်၊ ကလေးများ၏ တရားဝင်မှတ်ပုံတင်မှုများနှင့် လူမှုဖူလုံရေးရန်ပုံငွေ အပြည့်အဝခံစားနိုင်ရေး ကိစ္စရပ်များ ဆောင်ရွက်ရန် အကြံပြုခဲ့သည်။ FED တာဝန်ရှိသူများက ထိုင်းအစိုးရဌာနများ၏ လာရောက်လေ့လာမှုကို ကြိုဆိုပြီး အကြံပေးမှုများကို အတတ်နိုင်ဆုံး အကောင်အထည်ဖော်သွားမည်ဟု ပြောကြားခဲ့သည်။

news-view-count-icon

21