back

အမေရိကန်၌ နှစ်ပေါင်း ၂၃၀ ကျော် သက်တမ်းရှိ တစ်ဆင့်တန် အကြွေစေ့ ထုတ်လုပ်မှု ရပ်ဆိုင်း

Nov 15 • 1:23 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်၌ နှစ်ပေါင်း ၂၃၀ ကျော် သက်တမ်းရှိ တစ်ဆင့်တန် အကြွေစေ့ ထုတ်လုပ်မှု ရပ်ဆိုင်း

အမေရိကန်နိုင်ငံတွင် နှစ်ပေါင်း ၂၃၀ ကျော် သက်တမ်းရှိသော တစ်ဆင့်တန်ငွေအကြွေစေ့များကို ထုတ်လုပ်ခဲ့သည့် လုပ်ငန်းကို နိုဝင်ဘာ ၁၂ ရက်နေ့တွင် နောက်ဆုံးအသုတ် သွန်းလုပ်ထ...


အမေရိကန်နိုင်ငံတွင် နှစ်ပေါင်း ၂၃၀ ကျော် သက်တမ်းရှိသော တစ်ဆင့်တန်ငွေအကြွေစေ့များကို ထုတ်လုပ်ခဲ့သည့် လုပ်ငန်းကို နိုဝင်ဘာ ၁၂ ရက်နေ့တွင် နောက်ဆုံးအသုတ် သွန်းလုပ်ထုတ်ဝေပြီးနောက် ရပ်ဆိုင်းလိုက်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။ အကြွေစေ့များအား တရားဝင် သုံးစွဲခွင့် ဆက်လက်တည်ရှိနေမည်ဖြစ်သော်လည်း ထပ်မံမထုတ်လုပ်တော့သည့်အတွက် ကုန်ထုတ်စီးပွားလုပ်ငန်းများက ကုန်စည်ဈေးနှုန်း သတ်မှတ်မှုများကို ပြန်လည်ပြင်ဆင်ရတော့မည်ဖြစ်သည်။ ဖီလာဒဲလ်ဖီးယား ဒင်္ဂါးသွန်းဌာနမှ ဤထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ခြင်းသည် အစိုးရအတွက် စရိတ်စက သက်သာစေရန် ရည်ရွယ်ပြီး၊ ယခင်က သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြွေစေ့ တစ်စေ့ထုတ်ဝေတိုင်း နိုင်ငံဘတ်ဂျတ်တွင် အရှုံးပြလေ့ရှိကြောင်း မှတ်ချက်ပေးခဲ့ဖူးသည်။

news-view-count-icon

32