back

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ပြည်နယ်အစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးလျက်ရှိ

Nov 15 • 1:19 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ပြည်နယ်အစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးလျက်ရှိ

မုဒုံမြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က လိုအပ်သည့်အကူအညီများကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ နိုဝင်ဘာ ၁၄ ရက...

မုဒုံမြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က လိုအပ်သည့်အကူအညီများကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက မြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ၊ မြို့နယ်ထွေအုပ်၊ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မုဒုံမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ စစ်ဆေးရာတွင် ဆီပြတ်လပ်မှုမရှိစေရေး၊ စျေးနှုန်းအတက်အကျပေါ် မူတည်၍ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချရေးနှင့် ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးတို့ကို စက်သုံးဆီဆိုင်လုပ်ငန်းရှင်များအား မှာကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

22