ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် စိုက်ထူထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ပါတီဆိုင်းဘုတ်များကို ဖြိုလှဲဖျက်ဆီးခဲ့သူ အမျိုးသား ၄ ဦးကို နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ပြစ်မှုကျူးလွန်သူ ၄ ဦးအား ရွေးကောက်ပွဲများနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် အမှုဖွင့်ကာ ထိရောက်သော ပြစ်ဒဏ်ရရှိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

Nov 15 • 1:14 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 20 | 0 | 0 | 0 |


