ဆီးဂိမ်းအကြိုပြင်ဆင်မှုအဖြစ် မြန်မာယူ-၂၃ (A) အသင်းနဲ့ (B) အသင်းတို့ ဒီနေ့ညနေက သန်လျင်မြို့၊ သီဟဒီပကွင်းမှာ ဒုတိယမြောက် ခြေစမ်းပွဲကစားခဲ့ရာမှာ ဂျပန်လူမျိုးနည်းပြ ကူရိုဆာကီ တာဝန်ယူကိုင်တွယ်နေတဲ့ (A)အသင်းက ၃-၂ဂိုးနဲ့ ထပ်အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က ခြေစမ်းပွဲမှာလည်း မြန်မာ ယူ-၂၃ (A) အသင်းကပဲ (B) အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် ခြေစမ်းပွဲနှစ်ပွဲလုံးကို (A) အသင်းက အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။မြန်မာယူ-၂၃အသင်းကို အင်အားဖြည့်နိုင်ဖို့အတွက် မြန်မာယူ-၂၃(B)အသင်းကို ဖွဲ့စည်းပြီး နည်းပြချုပ် ဦးမျိုးမင်းထွန်း၊ လက်ထောက်နည်းပြတွေအဖြစ် ဦးပေါ်ထွန်းကျော်၊ ဦးချစ်ကိုကို တို့က တာဝန်ယူကိုင်တွယ်နေပါတယ်။
အဆိုပါ မြန်မာယူ-၂၃ (B)အသင်းမှ ကစားသမားအချို့ကိုလည်း ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် အသင်းအတွက် ရွေးချယ်ခေါ်ယူလေ့ကျင့်သွားဖို့ ရှိတယ်လို့ နည်းပြချုပ် ကူရိုဆာကီက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။



