အယုဒ္ဒယ ရဲ့ မြို့နယ် ၁၁ ခုမှာရှိတဲ့ ဒေသခံတွေဟာ ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရပါတယ်လို့ Khaosod က နိုဝင်ဘာလ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ေ-သဆုံးသူ ၁၅ ဦး ရှိပြီး မိသားစု ၆၂,၃၄၈ စု ရေဘေးသင့်နေပါတယ်။ ၄ လကျော် ရေနစ်မြုပ်နေတာကြောင့် ဆိုးဆိုးရွားရွား ဒုက္ခရောက်နေကြပြီး၊ အခုဆို နွားတွေနဲ့ ကျွဲတွေပါ စားကျက်မြက်တွေ ပြတ်လပ်လာနေပါပြီ။အယုဒ္ဒယ ခရိုင် ရေကြီးနေတာကတော့ Chainat ခရိုင်မှာရှိတဲ့ ကျောက်ဖရားဆည် ကနေ ၄ ရက်မြောက်နေ့အဖြစ် တစ်စက္ကန့်ကို ရေ ကုဗမီတာ ၂,၉၀၀ နှုန်းနဲ့ ရေတွေကို အောက်ပိုင်းကို ဆက်လက် စီးထွက်စေခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျောက်ဖရား မြစ်နဲ့ Noi မြစ်တွေမှာ ရေမျက်နှာပြင်တွေ ဆက်တိုက် မြင့်တက်နေပြီး၊ ၄ လကျော် ရေလွှမ်းမိုးမှုနဲ့ နေထိုင်ခဲ့ရတဲ့ ဒေသခံတွေအပေါ် သက်ရောက်မှု ရှိနေပါတယ်။ အလားတူပဲ သူတို့ရဲ့ နွားတွေ၊ ကျွဲတွေလို မွေးမြူရေး တိရစ္ဆာန်တွေပါ အခုဆို လတ်ဆတ်တဲ့ မြက်နဲ့ အစာတွေ ပြတ်လတ်နေပါတယ်။အယုဒ္ဒယ မှာ ရေလွှမ်းမိုးမှုဒဏ် ခံနေရတုန်းဖြစ်တဲ့ နေရာတွေကတော့ မြို့နယ် ၁၁ ခု၊ မြို့နယ်ခွဲ ၁၄၃ ခု၊ ကျေးရွာ ၉၄၇ ရွာ ပါဝင်ပြီး အိမ်ထောင်စု ၆၂,၃၄၈ စု ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ကာ ေ-သဆုံးသူ ၁၅ ဦး ရှိပါတယ်။ ရေကြီးမှုဒဏ်ကို ဆက်လက်ခံစားနေရတဲ့ မြို့နယ် ၁၁ ခုကတော့ Sena, Phak Hai, Bang Ban, Bang Sai, Phra Nakhon Si Ayutthaya, Bang Pa-in, Bang Pahan, Bang Sai, Ban Phreak, Lat Bua Luang, နဲ့ Maha Rat တို့ ဖြစ်ပါတယ်။ ေ-သဆုံးသူ ၁၅ ဦး ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေကတော့ Sena, Phak Hai, Bang Ban, Bang Sai, နဲ့ Phra Nakhon Si Ayutthaya တို့ ဖြစ်ပါတယ်။



