ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက်တွင် G.B.S Agricultural Services Public Co.,Ltd (ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်) အား မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်ထားသည်။ရန်ကုန်စတော့အိတ်ချိန်းသည် G.B.S Agricultural Services Public Co.,Ltd (ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်) မှ တင်ပြလာသည့် လျှောက်လွှာများကို စိစစ်ခဲ့ပြီးနောက် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ အမိန့် ကြော်ငြာစာအမှတ် (၁/၂၀၂၃) ၊အပိုဒ် (၆) နှင့်အညီ ကော်မရှင်၏အတည်ပြုချက်အရ စာရင်းဝင်အကြိုဈေးကွက် (Pre-Listing Board-PLB) တွင် မှတ်ပုံတင်ရန် ခွင့်ပြုလိုက်သည်။ဂျီဘီအက်(စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်အား ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ဂွတ်(ဒ်)ဘရားသားကုမ္ပဏီလီမိတက်မှ GBS 360 Services တပတ်လည်ဝန်ဆောင်မှုလုပ်ငန်းများဖြင့် တောင်သူများ အကျိုးစီးပွားအား အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့သော အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။



