back

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ ဒေါ်လာ ငါးသိန်းကျော် ထုတ်ရောင်း

Nov 14 • 2:57 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ ဒေါ်လာ ငါးသိန်းကျော် ထုတ်ရောင်း

ဗဟိုဘဏ်မှ နိုဝင်ဘာ ၁၃ ရက်တွင် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် အမေရိကန်ဒေါ်လာ ၅၀၂,၀၃၇ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံသို့ ထုတ်ရောင်းပေးခဲ့သည်။FX Trading...

ဗဟိုဘဏ်မှ နိုဝင်ဘာ ၁၃ ရက်တွင် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် အမေရိကန်ဒေါ်လာ ၅၀၂,၀၃၇ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံသို့ ထုတ်ရောင်းပေးခဲ့သည်။FX Trading တွင် ဆောက်လုပ်ရေးပစ္စည်း၊ တိရစ္ဆာန်အစာ၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ တိရစ္ဆာန်အစာ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ထုတ်ပိုးမှုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ သံမဏိ၊ စားသုံးကုန်စည် တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။FX Trading Platform တွင် အမေရိကန်ဒေါ်လာငွေလဲနှုန်း ၃,၆၄၄ ကျပ် ဖြင့်ဗဟိုဘဏ်မှ သတ်မှတ်ရောင်းဝယ်ခဲ့ကြောင်း သိရသည်။ပြည်ပမှစက်သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များ အဆင်ပြေစေရန်နှင့် စက်သုံးဆီဈေးနှုန်းတည်ငြိမ်စေရန် ဗဟိုဘဏ်မှ ဒေါ်လာများ ထုတ်ရောင်းပေးလျက်ရှိသည်။ 



news-view-count-icon

21