မွန်ပြည်နယ်၊ ရေးဒေသထွက် ကွမ်းသီးခြောက်များမှာအပင်ပေါ်မှ ခူးယူထားသော ကွမ်းသီးများကို ယခုလအတွင်း နေလှန်းကာ အခြောက်ခံရမည်ဖြစ်သော်လည်း မိုးများ ဆက်တိုက်ရွာသွန်းခဲ့ကြောင်း ကွမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။ထို့ကြောင့် ခူးယူးသိမ်းဆည်းထားသော ကွမ်းသီးများမှာ အစိုပြန်လာပြီး အညှောင့်များထွက်လာကာ ပုပ်သိုးသွားခြင်း၊ ပျက်စီးလာခြင်းများ ရှိလာနေသည်ဟု ဆိုသည်။လက်ရှိ မွန်ပြည်နယ် ဈေးကွက်အတွင်း ကွမ်းသီးခြောက်ဈေးနှုန်းသည် တစ်ပိသာလျှင် ၁၂,၀၀၀ ကျော် ပေါက်ဈေး ရှိနေကြောင်း သိရသည်။



