ပဲခူးတိုင်း၊ တောင်ငူမြို့၊ (၂၀) ရပ်ကွက်ရှိ Global Grace Hotel အတွင်းရှိ GG - KTV၊ အခန်း နံပါတ် (၁) တွင် ယနေ့ နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၉ နာရီအချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကြောင့် လူသေဆုံးမှု မရှိသော်လည်း လူနှစ်ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း တောင်ငူ မြို့ခံများထံမှ သိရသည်။



