မန္တလေးမြို့မအပျော်တမ်းတူရိယာအသင်းကြီး၏ နှစ်(၁၀၀)ပြည့်ပွဲတော် အခမ်းအနားကို နိုဝင်ဘာလ (၂၇) ရက်နေ့တွင် မန္တလေးမြို့ရှိ ရတနာပုံခန်းမ၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။ အဆိုပါ ရာပြည့်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုဝင်ဘာလ (၁၁) ရက်နေ့က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားသည်။ ယင်းအပြင် ရာပြည့်အကြိုအထိမ်းအမှတ်အနေဖြင့် မဂ္ဂဇင်းထုတ်ဝေခြင်း၊ အမှတ်တရတေးသီချင်းများ ထုတ်ဝေဖြန့်ဝေခြင်းနှင့် မြို့မတေးသီချင်းများ အဆိုပြိုင်ပွဲများ ပြုလုပ်ခြင်းတို့ကိုလည်း စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
မန္တလေးမြို့မအပျော်တမ်းတူရိယာအသင်းကြီး၏ နှစ်(၁၀၀)ပြည့်ပွဲတော် နိုဝင်ဘာ ၂၇ ရက်တွင် ကျင်းပမည်
Nov 14 • 7:36 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 26 | 0 | 0 | 0 |


