back

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ယခင်တစ်ပတ်ထက် တစ်ပိဿာ ၅၅ ကျပ် ကျဆင်း

Nov 14 • 7:34 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး ယခင်တစ်ပတ်ထက် တစ်ပိဿာ ၅၅ ကျပ် ကျဆင်း

နိုဝင်ဘာလ (၁၄) ရက်မှ (၂၀) ရက်နေ့အထိ တစ်ပတ်တာကာလအတွင်း ရောင်းချရမည့် စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် ၆,၃၅၅ ကျပ် ဖြစ်ကြောင်း သိရ...

နိုဝင်ဘာလ (၁၄) ရက်မှ (၂၀) ရက်နေ့အထိ တစ်ပတ်တာကာလအတွင်း ရောင်းချရမည့် စားအုန်းဆီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် ၆,၃၅၅ ကျပ် ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်အပတ်က သတ်မှတ်ဈေး ၆,၄၁၀ ကျပ်ထက် ယခုတစ်ပတ်တွင် ၅၅ ကျပ် ဈေးကျဆင်းခဲ့ခြင်းဖြစ်သည်။ စားသုံးသူရေးရာဦးစီးဌာနက စားအုန်းဆီများကို ထုတ်ပြန်ကြေညာထားသည့် ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် သိုလှောင်ခြင်း စသည့် မသမာမှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထားသည်။ ပြည်ပမှ စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ် မူတည်၍ ပြည်တွင်းဈေးနှုန်းများကို ထိန်းကျောင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။

news-view-count-icon

21