တောင်ကိုရီးယားနိုင်ငံမှာ စျေးတန်းထဲ လိုက်ထရပ် ကားတစ်စီး ဝင်တိုက်မိရာက လူ ၂ ဦးသေဆုံးခဲ့ပါတယိ။နက်ပြာရောင် လိုက်ထရပ်ကားဟာ လူသွားလမ်းတလျှောက် စျေးဆိုင်တွေ တန်းစီထားတဲ့ နေရာမှာ မီတာ ၁၅၀ လောက်ထိ မောင်းနှင်နေပြီးမှ ရပ်တန့်သွားခဲ့ပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အနောက်ဖက််ကီလိုမီတာ ၂၀ လောက်အကွာ ဘူချွန်က စျေးတစ်ခုထဲက ဖြစ်စဉ်ကြောင့် လူ ၂ ဦးသေပြီး ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ မီးသတ်နဲ့ ကယ်ဆယ်ရေး ဌာနက ဆိုပါတယ်။သေဆုံးသူ နှစ်ယောက်ဟာ ထိတ်လန့်ပြီး အမောဖောက်ရာက အသက်ပါသွားခဲ့တာလို့ ယွန်ဟပ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ လိုက်ထရပ်ဟာ မီတာ ၃၀ လောက် နောက်ပြန်ဆုတ်လာပြီး ရုတ်တရက် လေဟာပြင် စျေးတန်းထဲ အရှိန်နဲ့ မောင်းဝင်သွားခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ယာဉ်မောင်းကတော့ ကားက ပြဿနာတစ်ခုခု ရှိနေဟန်နဲ့ ရုတ်တရက် အရှိန်နဲ့ မောင်းထွက်သွားခဲ့တာလို့ ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။ ကနဦး စစ်ဆေးချက်တွေအရ ယာဉ်မောင်းက အရက်သောက်မထားဘူးလို့လည်း ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။ရဲတွေက အသက် ၆၀ ကျော်အရွယ် ယာဉ်မောင်းကို ဖမ်းဆီးထားပြီး စုံစမ်းမေးမြန်းနေပါသည်။
Nov 14 • 4:58 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


