မေဂျာလိဂ်ပြိုင်ပွဲ (MLS) ၏ ယှဉ်ပြိုင်ကျင်းပသည့်ကာလကို ဥရောပထိပ်သီးလိဂ်များနှင့် သဟဇာတဖြစ်စေရန်အတွက် ၂၀၂၇ ခုနှစ်မှစတင်ကာ အပြောင်းအလဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ ဖေဖော်ဝါရီမှ ဒီဇင်ဘာအထိ ကျင်းပသည့် ပုံစံသည် ဥရောပလိဂ်များနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် နွေဦးမှ နွေရာသီအထိ (ဇူလိုင်လမှ မေလအထိ) ယှဉ်ပြိုင်ရသည့် ပုံစံသို့ ပြောင်းလဲရန် မဲခွဲဆုံးဖြတ်ခဲ့သည်။ ၂၀၂၇ ခုနှစ်၌ ဇူလိုင်လတွင် ရာသီစတင်မည်ဖြစ်ပြီး၊ ဒီဇင်ဘာနှင့် ဖေဖော်ဝါရီအတွင်း ဆောင်းရာသီအနားပေးကာ မေလတွင် ရာသီအဆုံးသတ်မည်ဖြစ်သည်။ မေဂျာလိဂ်တာဝန်ရှိသူများက ဤအပြောင်းအလဲကို MLS 3.0 အဆင့်မြှင့်တင်ခြင်းဟု ညွှန်းဆိုထားပြီး ပရိသတ်များကလည်း ထောက်ခံကြကြောင်း သိရသည်။
Nov 14 • 4:15 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 21 | 0 | 0 | 0 |


