back

ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၇ သန်း ထပ်မံရောင်းချပေးမည်

Nov 14 • 4:00 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၇ သန်း ထပ်မံရောင်းချပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၇ သန်းကို နိုင်ငံခြားငွေကြေးဈေးကွက် (FX Trade Platform) မှတစ်ဆင့် ရောင်းချပေးမည်...

မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၇ သန်းကို နိုင်ငံခြားငွေကြေးဈေးကွက် (FX Trade Platform) မှတစ်ဆင့် ရောင်းချပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယခုတစ်ကြိမ်သည် ဗဟိုဘဏ်မှ ယခုလအတွင်း စက်သုံးဆီလုပ်ငန်းရှင်များအား ဒုတိယအကြိမ်မြောက် ရောင်းချပေးခြင်းဖြစ်ပြီး၊ နိုဝင်ဘာ ၈ ရက်နေ့ကလည်း အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးခဲ့ဖူးသည်။ ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များအား စုစုပေါင်း ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန် စီစဉ်ထားပြီးနောက်ပိုင်း ဒေါ်လာများကို ဆက်တိုက် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

30