back

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်အတွင်း မီးသတ် တပ်ဖွဲ့ဟု အယောင်ဆောင်ကာ ငွေကြေးလိမ်လည်မှုများ ရှိနေ

Nov 14 • 3:06 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်အတွင်း မီးသတ် တပ်ဖွဲ့ဟု အယောင်ဆောင်ကာ ငွေကြေးလိမ်လည်မှုများ ရှိနေ

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်အတွင်းရှိ အိမ်ခန်းငှါးနှင့် စားသောက်ဆိုင်များအား မြို့နယ်/ခရိုင် မီးသတ်ဌာနမှဟုဆိုကာ မီးသတ်ဆေးဘူး ရောင်းချခြင်း၊မီးသတ် အခွန်ဟုဆို...

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်အတွင်းရှိ အိမ်ခန်းငှါးနှင့် စားသောက်ဆိုင်များအား မြို့နယ်/ခရိုင် မီးသတ်ဌာနမှဟုဆိုကာ မီးသတ်ဆေးဘူး ရောင်းချခြင်း၊မီးသတ် အခွန်ဟုဆိုဟာ ငွေကြေးများ လိမ်လည်တောင်းဆိုခြင်းများ ရှိနေသည်ကို စစ်ဆေးတွေ့ရှိရ၍ အကြောင်း တစုံတရာ ရှိပါက တာချီလိတ် ခရိုင်မီးသတ်ရုံးသို့သာ တိုက်ရိုက်ဆက်သွယ်ပေးပါရန် တာဝန်ရှိသူမှ ပြောကြားလာသည်။အောက်တိုဘာလအတွင်းက တာချီလိတ်မြို့နယ်၏ ဆန်ဆိုင်း (ခ) ရပ်ကွက်အတွင်းရှိ အိမ်ခန်းငှါး နှင့် မကာဟိုခမ်းရပ်ကွက်ရှိ ဆိုင်တခုအား မီးသတ်ဌာနမှ ဟုဆိုကာ မီးသတ်ဆေးဘူး ဝယ်ယူရန်နှင့် မီးသတ်အခွန်အခဟုဆိုကာ ကေပေးမှတဆင့် ငွေကြေးလွှဲပေးရန် ပြောဆိုလာကြောင်း ကာယကံရှင်များ၏ ပြောကြားချက်အရ သိရှိရသည်။အဆိုပါ ကိစ္စနှင့်ပတ်သတ်ပြီး သက်ဆိုင်ရာ မီးသတ်ရုံးမှ တာဝန်ရှိသူအနေနှင့် သိရှိခြင်းမရှိဘဲ ကောက်ခံခိုင်းခြင်းမရှိကြောင်း သိရှိရပြီးနောက် ဆက်သွယ်ပြောကြားသည့် ဖုန်းအား ပြန်လည်ဆက်သွယ်ရာ အဆိုပါ ဖုန်းမှာ စက်ပိတ်ထားပြီး လိမ်လည်ခြင်း ဖြစ် ကြောင်း စစ်ဆေးတွေ့ရှိရတာ ဖြစိပါသည်။

news-view-count-icon

14