စစ်ကိုင်းတိုင်း၊ခန္တီးမြို့တွင် ယနေ့ နံနက် ၁၀နာရီအချိန်က ယနေ့လူငယ်နောင်ဝယ်လူကြီးဖြစ်လာမည့်မျိုးဆက်သစ်လူငယ်များအသိပညာ၊အတတ် ပညာဖွံ့ဖြိုးတိုးတက်စေရေးနှင့်ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အသိအမြင်ဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်ရေး Youth Clup အဖွဲ့ဖြင့်စာဖတ်ဝိုင်းကိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပြည်သူ့စာကြည့်တိုက်၌
စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။လူ့သဘော၊လူ့သဘာဝအကြောင်းအရာများ စီးပွားဖြင့် လူ့သွေး၊လူအရိုးများရောင်းချ အသက်ရှင်ရပ်တည်နိုင်ရေးကြိုးစားကြပုံများကို အသေးစိတ်ဆွေးနွေးရာ တက်ရောက်လာသူ အဖွဲ့ဝင်များကမိမိတို့သိရှိလိုသည်များကိုမေးမြန်းကြရာ ခရိုင်ဦးစီးမှူးကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။



