back

ပျဉ်းမနား၌ ရွှေဆိုင်ကို သေနတ်တုဖြင့် လုယက်သူ နှစ်ဦး ဖမ်းမိ

Nov 13 • 2:53 PM

breaking-news

မြန်မာ

နေပြည်တော်

cover

ပျဉ်းမနား၌ ရွှေဆိုင်ကို သေနတ်တုဖြင့် လုယက်သူ နှစ်ဦး ဖမ်းမိ

အခင်းဖြစ်စဉ်ကတော့ နိုဝင်ဘာ ၁၁ ရက်၊ မနက်ပိုင်းက ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်းမှာ ဖွင့်လှစ်ထားတဲ့ "ရောင်နီဦး" ရတနာ‌ရွှေဆိုင်မှာ ဆိုင်ရှင် အမျ...

အခင်းဖြစ်စဉ်ကတော့ နိုဝင်ဘာ ၁၁ ရက်၊ မနက်ပိုင်းက ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်းမှာ ဖွင့်လှစ်ထားတဲ့ "ရောင်နီဦး" ရတနာ‌ရွှေဆိုင်မှာ ဆိုင်ရှင် အမျိုးသမီး နဲ့ ဝန်ထမ်း တစ်ယောက်တို့ ရှိနေစဉ် အမျိုးသားတစ်ယောက် နဲ့ အမျိုးသမီး တစ်ယောက်တို့ ဆိုင်ထဲ ဝင်လာပြီးတော့ ဆိုင်ရှင်ကို သေနတ်အတိုနဲ့ နားထင်ထောက်ပြီး ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းတွေ အိတ်ထဲ ထည့်ခိုင်းခဲ့ပါတယ်။အဲဒီလို ထည့်ခိုင်းစဉ် ဆိုင်ရှင်က သေနတ်ကို ပုတ်ထုတ်ခဲ့ရာ ကျူးလွန်သူ အမျိုးသားက သေနတ်နဲ့ ထုပြီး သူနဲ့ အတူပါလာသူ အမျိုး သမီးက ရွှေထည်ပစ္စည်းတွေ ထည့်ထားတဲ့ ဘူးတစ်ဘူးကို လုယက်ယူဆောင်စဉ် ဆိုင်ဝန်ထမ်း အမျိုးသမီးက ပြန်လည်လုယူရာ ကျူးလွန်သူ အမျိုးသမီးက လက်သည်းနဲ့ ကုတ်ခြစ်ပြီးတော့ တွန်းထုတ်ကာ ကျူးလွန်သူ နှစ်ယောက်စလုံး ထွက်ပြေးသွားခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။အခင်း ဖြစ်ပြီးနောက် ပြစ်မှုကျူးလွန်သူတွေကို ပြည်သူတွေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ အခင်းဖြစ် မင်္ဂလာရပ်ကွက်၊ ကေးလမ်းသွယ် (၁) လမ်းပေါ်မှာပဲ လုယက်မှု ကျူးလွန်သူတွေ ဖြစ်တဲ့ ရွှေပြည်သာမြို့နယ်၊ သိမ်ကျောင်းရွာ နေ သန်းတိုးအောင် (၂၈) နှစ် နဲ့ ပျဉ်းမနားမြို့၊ ရန်အောင် (၂) ရပ်ကွက်နေ ယမင်း (ခေါ်) ရေဟန် (၂၅) နှစ် တို့ကို ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့တဲ့ သေနတ်အတု ၂ လက်၊ အရိုး/အသွား ၇ လက်မခန့်ရှိ ခေါက်ဓား တစ်ချောင်း ၊ CZI အမျိုးအစား ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်း ၂ လုံး နဲ့ သူတို့ လုယက်ယူဆောင်သွားတဲ့ ရွှေလက် စွပ် (၁၃) ကွင်း၊ ရွှေနားကပ် (၈) ရံ၊ ရွှေဆွဲသီး (၁) ခုနဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။




news-view-count-icon

25