ရန်ကုန်-လားရှိုးခရီးစဉ်များကို ခရီးသည်တင် ယာဉ်လိုင်းများမှ မူလအတိုင်းပြန်လည်းပြေး ဆွဲလျက်ရှိပြီး ကားလက်မှတ်ဈေးနှုန်းများမှာ ခရီးသည်တစ်ဦးလျှင် ၁၅၀,၀၀၀ ကျပ်မှ ၁၈၀,၀၀၀ ကျပ်အထိရှိကြောင်း ကား လက်မှတ်အရောင်းဆိုင်များထံမှသိရသည်။ရန်ကုန်-လားရှိုးခရီးစဉ်များကို တိုက်ပွဲဖြစ်ပွား မှုများကြောင့် တစ်နှစ်ကျော်ကြာပိတ်ထားခဲ့ ပြီး ယခုလနိုဝင်ဘာလမှစတင်ကာ ယခင်ပြေး ဆွဲနေသည့် ပြည်ထောင်စုလမ်းမကြီးအတိုင်း ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း၊ ရွှေ လားရှိုး၊ မြတ်မန္တလာထွန်း၊ ရွှေမန္တလာ၊ Gi ၊ မိုးထက်အာကာ၊ ဧရာဝတီ စသည့် ယာဉ်လိုင်း များလည်းပြန်လည်း ပြေးဆွဲလျက်ရှိကြောင်း သိရသည်။



