မကွေး၌ ဆောင်းမြေပဲအထွက်ကျပြီး တောင်သူများ အရှုံးပေါ်

Nov 13 • 1:39 PM

breaking-news

မြန်မာ

မကွေး

cover

မကွေး၌ ဆောင်းမြေပဲအထွက်ကျပြီး တောင်သူများ အရှုံးပေါ်

မကွေးမြို့နယ်မှာ အခုနှစ် ဆောင်းမြေပဲ စိုက်ပျိုးမှုမှာ အထွက်နှုန်း ကျဆင်းတဲ့အတွက် တောင်သူတွေ အရှုံးပေါ် တယ်လို့ မြေပဲစိုက် တောင်သူတွေက ပြောပါတယ်။ အခုနှစ်က မိုးရွ...

မကွေးမြို့နယ်မှာ အခုနှစ် ဆောင်းမြေပဲ စိုက်ပျိုးမှုမှာ အထွက်နှုန်း ကျဆင်းတဲ့အတွက် တောင်သူတွေ အရှုံးပေါ် တယ်လို့ မြေပဲစိုက် တောင်သူတွေက ပြောပါတယ်။ အခုနှစ်က မိုးရွာသွန်းမှု များခဲ့တာကြောင့် မြေပဲပင်တွေမှာ အမြစ်ဖွာပြီး မြေပဲ မဥတဲ့အတွက် အထွက်နှုန်း ကျဆင်း ခဲ့တာပါ။ လက်ရှိမှာ မြေပဲတစ်တင်းကို အမြင့်ဆုံးစျေး ကျပ် ၂ သောင်းခွဲ စျေးသာရှိပြီး အရင်နှစ်က မြေပဲတစ်တင်းကို အမြင့်ဆုံးစျေး ကျပ် ၃ သောင်းခွဲအထိ ရှိခဲ့တာပါ။ ပစ္စည်းအရည်အသွေးပေါ် မူတည်ပြီး စျေးပေးဝယ်ကြပေမဲ့ အခုနှစ်က ရာသီဥတုကြောင့် ထွက်ရှိတဲ့ မြေပဲ ကလည်း အရည်အသွေး မကောင်းဘူးလို့ ကုန်သည်တွေက ပြောပါတယ်။ မကွေးမြို့နယ်က တောင်သူတွေအနေနဲ့ မိုးဦးကာလမှာ နှမ်းကို အဓိက ထားစိုက်ပျိုးကြပြီး ဆောင်းကာလမှာ မြေပဲကို အဓိကထား စိုက်ပျိုးကြတာဖြစ်တယ်လို့ သိရပါတယ်။



news-view-count-icon

15