back

ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ဂျပန်နှင့် တောင်ကိုရီးယား အုပ်ချုပ်ရေးမှူးများက ဆွေးနွေး

Nov 13 • 12:12 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ဂျပန်နှင့် တောင်ကိုရီးယား အုပ်ချုပ်ရေးမှူးများက ဆွေးနွေး

 ဂျပန်အမျိုးသား အုပ်ချုပ်ရေးမှူးများအသင်းနှင့် ကိုရီးယားသမ္မတနိုင်ငံ အုပ်ချုပ်ရေးမှူးများအသင်းတို့ ပူးတွဲအစည်းအဝေးတွင် နှစ်နိုင်ငံတာဝန်ရှိသူများက နှစ်နိုင်ငံစလု...

 ဂျပန်အမျိုးသား အုပ်ချုပ်ရေးမှူးများအသင်းနှင့် ကိုရီးယားသမ္မတနိုင်ငံ အုပ်ချုပ်ရေးမှူးများအသင်းတို့ ပူးတွဲအစည်းအဝေးတွင် နှစ်နိုင်ငံတာဝန်ရှိသူများက နှစ်နိုင်ငံစလုံးအပေါ် သက်ရောက်မှုရှိသော ကိစ္စရပ်များနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု လိုအပ်ချက်များကို တောင်ကိုရီးယားနိုင်ငံ အင်ချွန်း၌ ဗုဒ္ဓဟူးနေ့က ဆွေးနွေးခဲ့ကြသည်။တောင်ကိုရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အင်ချွန်းတွင် ဗုဒ္ဓဟူးနေ့က ကျင်းပသော ဂျပန်အမျိုးသား အုပ်ချုပ်ရေးမှူးများအသင်းနှင့် ကိုရီးယားသမ္မတနိုင်ငံ အုပ်ချုပ်ရေးမှူးများအသင်းတို့ ပူးတွဲအစည်းအဝေးတွင် ပါဝင်သူများသည် စီးပွားရေးမြှင့်တင်ရန်နှင့် လူဦးရေကျဆင်းမှုအား ကိုင်တွယ်ဖြေရှင်းရန် အစီအမံများအကြောင်း ဆွေးနွေးခဲ့ကြသည်။ဆွေးနွေးပွဲများကို အနှစ်ချုပ်၍ ဘုံစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ခိုင်မာပြီး ရေရှည်တည်တံ့သော ပူးပေါင်းဆောင်ရွက်မှုပုံစံကို တည်ဆောက်ရန် လိုအပ်ကြောင်း အလေးပေး ပူးတွဲကြေညာချက်ကို ချမှတ်ခဲ့ပါသည်။



news-view-count-icon

2