မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရွာသစ်ကျေးရွာရှိ စမုံချောင်းအတွင်း အမျိုးသား(၂)ဦး ရေနစ်မှုဖြစ်ပွားခဲ့

Nov 13 • 7:49 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရွာသစ်ကျေးရွာရှိ စမုံချောင်းအတွင်း အမျိုးသား(၂)ဦး ရေနစ်မှုဖြစ်ပွားခဲ့

၁၂.၁၁.၂၀၂၅ ရက်နေ့၊ ၁၃ နာရီ၀၅ မိနစ်အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရွာသစ်ကျေးရွာရှိ စမုံချောင်းအတွင်း အမျိုးသား(၂)ဦး ရေနစ်မှုဖြစ်ပွားကြောင်း...

၁၂.၁၁.၂၀၂၅ ရက်နေ့၊ ၁၃ နာရီ၀၅ မိနစ်အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရွာသစ်ကျေးရွာရှိ စမုံချောင်းအတွင်း အမျိုးသား(၂)ဦး ရေနစ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းနှင့် မြစ်သားမြို့နယ်မီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ဗြဟ္မပါလအသင်းမှ အဖွဲ့ဝင်များ၊ Myanmar Rescue(ကျောက်ဆည်)မှ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်လျက်ရှိရာ အမျိုးသား(၁)ဦး(‌ေ-သဆုံး)အား ၁၃.၁၁.၂၀၂၅ ရက်ယနေ့ ၁၃ နာရီ၀၇ မိနစ်အချိန်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ဗြဟ္မပါလအသင်းမှယာဉ်ဖြင့် ဝမ်းတွင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

news-view-count-icon

19