အာဖဂန်နစ္စတန်နဲ့ မြန်မာအသင်းတို့ကစားရမယ့် အာရှဖလားခြေစစ်ပွဲ ဒု-အကျော့ပွဲစဉ်ကို ၂၀၂၆ခုနှစ်၊ မတ်လ ၂၆ရက်ကို ပြောင်းရွှေ့လိုက်ကြောင်း AFC က တရားဝင် သတင်းထုတ်ပြန်ပါတယ်။ မူလပွဲစဉ်ဇယားအရ အဆိုပါပွဲစဉ်ကို ၂၀၂၅၊ နိုဝင်ဘာ ၁၈ရက်မှာ ကစားရမှာဖြစ်ပြီး အာဖဂန်နစ္စတန်က အိမ်ကွင်းအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာ ကစားဖို့ စီစဉ်ခဲ့ပေမယ့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က ကန့်ကွက်ခဲ့တာကြောင့် ပွဲစဉ် ရွှေ့ဆိုင်းခဲ့ရတာပါဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်မီဒီယာတွေက ဖော်ပြပါတယ်။ လက်ရှိမှာတော့ မြန်မာ့လက်ရွေးစင်အသင်းဟာ နိုဝင်ဘာ ၁၈မှာ အာဖဂန်နစ္စတန်နဲ့ ကစားရမယ့်ပွဲ ပျက်သွားတာကြောင့် ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် မြန်မာယူ-၂၃အသင်းနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပါတယ်။



