back

မလေးရှား ဝန်ကြီးချုပ်အန်ဝါမှ ဆဘာရ်အထူးရန်ပုံငွေဆိုင်ရာ တရားရုံးချုပ်ဆုံးဖြတ်ချက်ကို လက်ခံကြောင်း ထုတ်ဖော်ပြောဆို

Nov 13 • 7:23 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှား ဝန်ကြီးချုပ်အန်ဝါမှ ဆဘာရ်အထူးရန်ပုံငွေဆိုင်ရာ တရားရုံးချုပ်ဆုံးဖြတ်ချက်ကို လက်ခံကြောင်း ထုတ်ဖော်ပြောဆို

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်သည် ဆဘာပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရကြား ဆယ်စုနှစ်များစွာ ဆွဲဆိုင်းလျက်ရှိသော ဆဘာရ်အထူးရန်ပုံငွေ (၄၀%) ပြဿနာအတွက် တရားရုံးချုပ...

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်သည် ဆဘာပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရကြား ဆယ်စုနှစ်များစွာ ဆွဲဆိုင်းလျက်ရှိသော ဆဘာရ်အထူးရန်ပုံငွေ (၄၀%) ပြဿနာအတွက် တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို လက်ခံကြောင်း ကြေညာခဲ့သည်။ဝန်ကြီးချုပ်အန်ဝါက ဤကိစ္စကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် မည်သို့မျှ အသုံးချရန် မရည်ရွယ်ကြောင်း၊ ဆဘာပြည်နယ်၏ အခွင့်အရေးများကို ပြန်လည်ပေးအပ်ရန် ၎င်း၏အစိုးရ ကတိပြုထားကြောင်း အတည်ပြုပြောကြားခဲ့သည်။ဆဘာပြည်နယ်အား၄၀% အထူးရန်ပုံငွေပေးရန် သဘောတူညီချက်သည် ၁၉၆၃ ခုနှစ် မလေးရှားစာချုပ်တွင် ပါရှိသော်လည်း ဆယ်စုနှစ်များစွာ ကြာမြင့်စွာ ဆွဲဆိုင်းခဲ့ရသည့် ပြဿနာတစ်ရပ်ဖြစ်သည်။

news-view-count-icon

14