မလေးရှားနိုင်ငံတွင် အွန်လိုင်းဈေးဝယ်ခြင်း သိသိသာသာ တိုးတက်လာကာ နိုင်ငံသား ၃ ပုံ ၂ ပုံခန့် (၆၄%) သည် အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်းများ ဝယ်ယူလာကြောင်း IPSOS ၏ လေ့လာတွေ့ရှိချက်အသစ်အရ သိရသည်။လေ့လာချက်အရ မလေးရှားရှိ အီးကော်မတ်စ်စျေးကွက်သည် ၂၀၂၄ ခုနှစ်တွင် ၁၆% တိုးတက်လာခဲ့ပြီး၊ အွန်လိုင်းဈေးဝယ်သူများ ဝယ်ယူသည့် ပျမ်းမျှငွေပမာဏမှာ တစ်လလျှင် RM၃၃၀ (အမေရိကန်ဒေါ်လာ ၇၀) ရှိသည်။အဓိကဝယ်ယူသည့် ကုန်ပစ္စည်းအမျိုးအစားများမှာ -အဝတ်အစားနှင့် ဖိနပ်များ (၄၆%)၊အစားအသောက်နှင့် ရေခဲမုန့်များ (၄၅%)၊အိမ်သုံးပစ္စည်းများ (၃၉%)ဖြစ်သည်။ဤတိုးတက်မှုသည် စမတ်ဖုန်းအသုံးပြုမှု မြင့်မားလာခြင်း၊ အွန်လိုင်းငွေပေးချေမှုစနစ်များ ပိုမိုလွယ်ကူလာခြင်းနှင့် အွန်လိုင်းဈေးဝယ်ပလက်ဖောင်းများ ပိုမိုရရှိလာခြင်းတို့ကြောင့် ဖြစ်သည်။



