back

ပြည်တွင်း၌ ခုနစ်လအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၅၀၀) နီးပါးရရှိ

Nov 13 • 7:06 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ ခုနစ်လအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၅၀၀) နီးပါးရရှိ

ယခုဘဏ္ဍာနှစ်၏ ခုနှစ်လတာကာလအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၅၀၀) နီးပါးရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။၂၀၂၅-...

ယခုဘဏ္ဍာနှစ်၏ ခုနှစ်လတာကာလအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၅၀၀) နီးပါးရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၂၅-၂၀၂၆ ဧပြီလမှ အောက်တိုဘာလအထိ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သန်းခွဲကျော်တင်ပို့ထားပြီး ယင်းမှပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၉၉ သန်းရရှိခဲ့ကြောင်း သိရသည်။ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တင်ပို့ခြင်းဖြစ်ကာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အများဆုံးတင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။ဆန်နှင့်ဆန်ကွဲတင်ပို့မှုအနေဖြင့် ဧပြီလတွင် တန်ချိန် ၁၄၂,၇၈၈ တန်၊ မေလတွင် တန်ချိန် ၂၅၉,၅၀၁ တန်၊ ဇွန်လတွင် တန်ချိန် ၂၁၂,၄၁၆ တန်၊ ဇူလိုင်လတွင် ၂၃၀,၆၇၂ တန်၊ ဩဂုတ်လတွင် ၁၉၂,၉၈၅ တန်၊ စက်တင်ဘာလတွင် ၁၆၈,၀၄၆ တန်၊ အောက်တိုဘာလတွင် တန်ချိန် သုံးသိန်းတစ်သောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

29