ပညာရေးဖိအားများကို လျှော့ချခြင်း၊ ဖုန်း၊ တီဗီကြည့်ချိန်ကို လျှော့ချခြင်းနှင့် နေ့စဉ် အချိန်နှစ်နာရီကြာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်စေခြင်းဖြင့် မူလတန်းနှင့် အလယ်တန်းကျောင်းသားများ၏ စိတ်ကျန်းမာရေး တိုးတက်စေမည့် ဆောင်ရွက်ချက်များကို တရုတ်အာဏာပိုင်များက ကြေညာခဲ့သည်။ ပညာရေးဝန်ကြီးဌာနက အောက်တိုဘာလတွင် ကြေညာခဲ့သော အစီအစဉ်များအရ စာသင်ခန်းအတွင်းသို့ မိုဘိုင်းလ်ဖုန်းယူဆောင်ခွင့် ပိတ်ပင်ခြင်းနှင့် အင်တာနက်ကို အလွန်အကျွံ့အမှီပြုခြင်းကို လျှော့ချရန် ဖုန်း၊ အင်တာနက်မသုံးရအချိန်ကာလ သတ်မှတ်ခြင်းတို့ ပါဝင်သည်။
စာသင်ကျောင်းများသည် စုစုပေါင်း အိမ်စာပမာဏကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ရမည်ဖြစ်ကာ ကျောင်းဖွင့်ရက်တိုင်းတွင် မူလတန်းနှင့် အလယ်တန်းကျောင်းသားများကို ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများကို အနည်းဆုံးအချိန်နှစ်နာရီ ပေးကြရမည်ဖြစ်သည်။



