ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ မနေ့က နိုဝင်ဘာ ၁၂ရက်နေ့ မှာ ထုတ်ပြန်တဲ့ သတင်းအရ ဗီဇာကင်းလွတ်ခွင့်နဲ့ ခဏခဏ ဝင်/ထွက်လုပ်ပြီး ဗီဇာ အလွဲသုံးစားလုပ်နေတဲ့ နိုင်ငံခြားသားတွေကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်တော့မယ်လို့ ပြောထားပါသည်။လူဝင်မှုကြီးကြပ်ရေး ပြောခွင့်ရသူ ဒုတိယရဲမှူးချုပ် က ခရီးသွားဟန်ဆောင်ပြီး ရာဇဝတ်မှုတွေ၊ အထူးသဖြင့် ဆိုက်ဘာမှုခင်း၊ ငွေကြေးခဝါချမှု၊ လူကုန်ကူးမှု စတာတွေနဲ့ ဆက်နွှယ်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေသူတွေကို တားဆီးဖို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။တရားဝင် အကြောင်းပြချက် မရှိဘဲ ဗီဇာကင်းလွတ်ခွင့်နဲ့ နှစ်ကြိမ်ထက်ပိုပြီး ဝင်လာသူတွေကို ချက်ချင်း ဝင်ခွင့် ငြင်းပယ်မှာ ဖြစ်ပါတယ်။ အလွဲသုံးစားလုပ်ပြီး ခဏခဏ ဗီဇာတိုးသူတွေကို စိစစ်ပြီး လိုအပ်ရင် သက်တမ်းတိုးခွင့် ရုပ်သိမ်းကာ ပြည်နှင်ဒဏ်ပေးမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ဗီဇာသက်တမ်း ကျော်လွန်နေသူတွေကို စစ်ဆေးဖမ်းဆီးမှုတွေ ပိုမိုအရှိန်မြှင့်လုပ်ဆောင်သွားမှာ ဖြစ်ပြီး လုပ်ဆောင်ချက်ရလဒ်တွေကိုလည်း လူသိရှင်ကြား ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ စစ်ဆေးမှုတွေ တင်းကျပ်လာတာကြောင့် လေဆိပ်တွေမှာ အထူးသဖြင့် ခရီးသည်အများဆုံးအချိန်တွေမှာ နိုင်ငံကူးလက်မှတ် စစ်ဆေးတာ အနည်းငယ် နှေးကွေးနိုင်တယ်လို့ ရဲမှူးချုပ်က ဝန်ခံခဲ့ပါတယ်။
Nov 13 • 5:22 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


