back

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲ ဘားအံမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပမည်

Nov 13 • 4:56 AM

breaking-news

မြန်မာ

ကရင်

breaking-news
cover

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲ ဘားအံမြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပမည်

ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားနှင့် ကောက်သစ်စားပွဲကို ဘားအံမြို့ အမှတ် (၄) ရပ်ကွက်၊ သီရိကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု ကရင်ပြည်နယ်အစိုးရထံမ...

ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားနှင့် ကောက်သစ်စားပွဲကို ဘားအံမြို့ အမှတ် (၄) ရပ်ကွက်၊ သီရိကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု ကရင်ပြည်နယ်အစိုးရထံမှ သိရသည်။ယခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သည် ဒီဇင်ဘာ ၁၉ ရက်တွင် ကျရောက်မည် ဖြစ်သည်။အဆိုပါပွဲတော်တွင် ကရင်အမျိုးသားအလံတင်အခမ်းအနား၊ နှစ်သစ်ကူးနေ့အခမ်းအနား၊ ကောက်သစ်စားပွဲတို့နှင့်အတူ ပွဲတော်မတိုင်မီ ကြိုဆိုဂုဏ်ပြုသောအားဖြင့် လမ်း၊ တံတားအခြေခံအဆောက်အဦးဖွင့်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ကရင်တိုင်းရင်းသားတို့၏ ပဒေသာအကအလှများဖြင့် ဖျော်ဖြေဧည့်ခံပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဟုလည်း ပြည်နယ်အစိုးရက ဆိုသည်။ထိုသို့ကျင်းပနိုင်ရန် ကျင်းပရေးဦးစီးကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများဖွဲ့စည်းထားပြီး ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များကို ဆွေးနွေးကာ အောင်မြင်စွာနှင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

news-view-count-icon

59