back

ပဲခူးတိုင်းဒေသကြီး၊အုတ်တွင်းတွင် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် ကြက်‌ေခြနီမှငွေသားထောက်ပံ့ကူညီ

Nov 13 • 4:38 AM

breaking-news

မြန်မာ

ပဲခူး

breaking-news
cover

ပဲခူးတိုင်းဒေသကြီး၊အုတ်တွင်းတွင် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် ကြက်‌ေခြနီမှငွေသားထောက်ပံ့ကူညီ

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရ...

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် ဒုတိယအကြိမ် ငွေသားထောက်ပံ့ခြင်း အစီအစဉ်အရ ငလျင်ဘေးသင့် အိမ်ထောင်စုများအား ငွေသားထောက်ပံ့ခြင်းကို ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ကြက်ခြေနီဝန်ထမ်းများက နိုဝင်ဘာလ (၁၁) ရက်နေ့မှ (၁၂) ရက်နေ့အထိ သွားရောက် ဆောင်ရွက်ခဲ့ပါသည်။ထောက်ပံ့ရာတွင် အုတ်တွင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်အိမ်ထောင်စု(၅၅၆)စုအတွက် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၄)သိန်းနှုန်းဖြင့် ကျပ်(၂,၂၂၄)သိန်း ကို အဆိုပါအိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါသည်။



news-view-count-icon

34