တနင်္သာရီတိုင်း၊ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ်များတွင် ယခုနှစ်၌ မိုးရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီ စတင်ရောက်လာပြီဖြစ်သော်လည်း မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် ကွမ်းသီးခြောက်လုပ်သူများ လုပ်ငန်းခွင်ဝင်ရန် နောက်ကျနေကြောင်း ဒေသခံများကပြောသည်။သီတင်းကျွတ်လတွင် ကွမ်းသီးအမှည့်ဆွတ်ခူးပြီး အခြောက်လုပ်ရန် နေလှန်းကြလေ့ရှိသော်လည်း လက်ရှိတွင် မိုးရွာ နေသဖြင့် ကွမ်းသီမှည့် မခူးရသေးကြောင်း ဘုတ်ပြင်းမြို့နယ်နေ ကွမ်းသီးတောင်သူအချို့က ဆိုသည်။ဘုတ်ပြင်းနှင့် ကျွန်းစုမြို့နယ်ထွက် ကွမ်းသီးခြောက်အများစုကို မြိတ်မြို့ရှိ ကွမ်းသီးခြောက်အဝယ်ဒိုင်ကြီးများကို အဓိက တင်ပို့ကြပြီး ထိုမှတစ်ဆင့် တိုင်းတွင်းရှိ အခြားမြို့များနှင့် တိုင်းပြင်ပကို တင်ပို့ရောင်းချကြသည်။



