မြန်မာပြည်တွင်း ရပ်ကွက်ဈေးများတွင် ဆိတ်သားနှင့် ဘဲသားဈေးများအလွန်မြင့်တက်လာသည်။ ဆိတ်မိုးခိုသားနှင့် ဆိတ်ပေါင်သား တစ်ဆယ်သား ၈,၀၀၀ ကျပ်ဈေးဖြစ်လာသည်။ ဆိတ်သားအသားစုံ တစ်ဆယ်သား ၇,၀၀၀ ကျပ်ဈေး ဖြစ်သည်။ ဆိတ်အူကြမ်းတစ်ဆယ်သား ၃,၅၀၀ ကျပ်၊ ဆိတ်သွေးတစ်တုံး ၂,၀၀၀-၂,၅၀၀ ကျပ်၊ ဆိတ်ကလီစာတစ်ဆယ်သား ၃,၅၀၀ ကျပ်၊ ဆိတ်အရိုးအသားတစ်ဆယ်သား ၅,၅၀၀ ကျပ်၊ ဆိတ်အရွတ်အကြောတစ်ဆယ်သား ၃,၅၀၀ ကျပ်ဈေးများဖြင့် အမြင့်ဈေးများတွင်ရှိသည်။ ဘဲသားဈေးများက တစ်ဆယ်သား ၄,၀၀၀-၅,၀၀၀ ကျပ်ဈေးများဖြင့် ဈေးမြင့်တက်လာပြီး ရောင်းချသူလည်း အလွန်နည်းလာသည်။ ဘဲသားဈေးများသည် ၂၀၂၅ နှစ်အစပိုင်းတွင် တစ်ဆယ်သား ၂,၅၀၀ ကျပ်ဈေးမှ တဖြည်းဖြည်းမြင့်တက်လာခြင်းဖြစ်သည်။ကျန်သည့်ကြက်သား၊ အမဲသား၊ ဝက်သားဈေးများကလည်း အမြင့်ဈေးများတွင်သာရှိသည်။
| 38 | 0 | 0 | 0 |


