ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ အန်ဆယ်လော့တီက နာမည်ကျော်တိုက်စစ်ကစားသမား နေမာ အကောင်းဆုံးပုံစံ ပြန်ရရှိဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။နေမာဟာ ဘရာဇီးလ်အသင်းရဲ့သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားဖြစ်ပေမဲ့ လက်ရှိအချိန်မှာ အန်ဆယ်လော့တီက အသင်းရဲ့ လူစာရင်းထဲ ထည့်သွင်းရွေးချယ်ထားခြင်းမရှိပါဘူး။နေမာဟာ ဆန်းတို့စ်အသင်းမှာလည်း ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ကစားခွင့်ရဖို့ မလွယ်ကူဘူးဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ဆန်းတို့စ်အသင်းဟာ လက်ရှိအချိန်မှာ တန်းဆင်းဇုန်အတွင်း ရောက်နေတာကြောင့် နေမာကို ပြိုင်ဘက်ပရိသတ်တွေက လှောင်ပြောင်နေကြပါသည်။
ဘရာဇီးလ်အသင်းတိုက်စစ်ကစားသမား နေမာ အကောင်းဆုံးပုံစံ ပြန်ရရှိဖို့ မျှော်လင့်ကြောင်း အန်ဆယ်လော့တီ ပြောကြား
Nov 13 • 2:11 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 22 | 0 | 0 | 0 |


