စစ်ကိုင်းတိုင်း၊အထက(ခွဲ)ညောင်အိုင်၌ ( ၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

Nov 13 • 2:07 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊အထက(ခွဲ)ညောင်အိုင်၌ ( ၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ( ၁၀၅)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့်စာအုပ်စာစောင်၊နံ...

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ( ၁၀၅)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့်စာအုပ်စာစောင်၊နံရံကပ် စာစောင်ပြပွဲကို နိုဝင်ဘာ ၁၂ ရက်နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ညောင်အိုင် ဒေါက်တာဉာဏဝရခန်းမ၌ ကျင်းပသည်။ကျောင်းသားကျောင်း သူများအား အသိပညာဗဟုသုတရရှိရေးအတွက် သုတရသ စာအုပ်စာစောင်များ၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းသိကောင်းစရာ အသိပညာပေး နံရံကပ်စာ စောင်များပြသခဲ့ရာ ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ် ရှုခဲ့ကြကြောင်းနှင့်( ၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။

news-view-count-icon

20